ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၅

အပိုင်း ၁ သင်ခန်းစာ ၄  ဖယ်ရှားခြင်းဖြင့် ကုဒ်တွေကို တိုးတက်အောင် လုပ်ပါ

“အပိုအလိုမရှိ အဆုံးသတ်တိကျတဲ့ ရိုးရှင်းမှုကို အလှတရားအဖြစ် ကျုပ်တို့မှတ်ယူပါတယ်” –Ralph Waldo Emerson

အနည်းဆုံးသုံးစွဲခြင်းဖြင့် အရာရာပြည့်စုံလုံလောက်ပါစေ။ ဒီစကားပုံကလည်း အသုံးများလို့ဟုံနေလောက်ပြီ။ ဒါပေမဲ့ ဒါတကယ်မှန်ပါတယ်။

 

ကျုပ်အမှတ်ရမိတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုးတက်မှုတချို့ကတော့ ကုဒ်အတော်များများကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။

ပြောပါရစေ။ သိပ်ကောင်းတဲ့ ခံစားချက်ပါဗျ။

Continue reading ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၅

Advertisements

ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၎

အပိုင်း ၁ သင်ခန်းစာ ၃  ကုဒ်လျှော့ရေးပါ

“အနည်းဆုံးသုံးစွဲခြင်းဖြင့် အရာရာပြည့်စုံလုံလောက်ပါစေ” – Jules Verne

 

ဒီခေတ်ကြီးမှာ ကုဒ်တွေအရမ်းများလွန်းနေတယ် ဒါဟာ ၀မ်းနည်းစရာကောင်းပေမဲ့ မှန်ကန်တဲ့အကြောင်းအချက်ပါ။

ကျုပ်ကားအင်ဂျင်ကို ကွန်ပျူတာနဲ့ထိန်းချုပ်ထားတယ်ဆိုတဲ့အချက်ကို ကျုပ်လက်ခံနိုင်တယ်။

မိုက်ခရိုဝေ့မီးဖိုထဲမှာ ဆော့ဝဲက ချက်တဲ့အလုပ်လုပ်တယ်ဆိုတာလည်း သိသာပါတယ်။

ဇီဝဗေဒနည်းနဲ့ပြုပြင်ထားတဲ့ သခွားသီးထဲမှာ မိုက်ခရိုကွန်ထရိုလာ တခုမြှုပ်ထားတယ်ဆိုရင်တောင် ကျုပ်မအံ့သြဘူး။

ကောင်းပါပြီလေ ဒါတွေကို ကျုပ်ရေးကြီးခွင်ကျယ်ထည့်ပြောနေတာမဟုတ်ပါဘူး။

ကျုပ်စိတ်ပူမိတာက မလိုအပ်ပဲများပြားနေတဲ့ ကုဒ်တွေကိုပါ။

Continue reading ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၎

ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၃

အပိုင်း ၁ သင်ခန်းစာ ၂ ပုံသဏ္ဌာန်ကောင်းထားရှိခြင်း

အပြင်ပန်းပုံပန်းသဏ္ဌာန်တွေက လှည့်ဖျားတတ်တယ် – Aesop
ဘယ်သူမှ ရှုပ်ပွထနေတဲ့ကုဒ်တွေနဲ့ အလုပ်လုပ်ရတာ နှစ်သက်မှာမဟုတ်ပါ
ဘယ်သူမှ ပေါက်ကရပေးထားတဲ့ variable အမည်တွေနဲ့ ရန်ဖြစ်ရ မညီမညာပုံစံချထားတဲ့ကုဒ်နွံထဲ လူးလွန့်ချင်မှာမဟုတ်ပါ
အဲ့လိုကြီးက ပျော်စရာမကောင်းဘူး အလုပ်မတွင်ဘူး ပရိုဂရမ်မာတွေအတွက် တမလွန်ပါပဲ
သင်က ကုဒ်တွေကောင်းဖို့ အလေးထားတယ်
ပုံမှန်အားဖြင့် ကျုပ်တို့က ကုဒ်တွေလှပဖို့ အလေးထားတယ် အဲ့လိုလှပနေမှ လုပ်ရကိုင်ရလွယ်ကူမယ်လို့ မြန်မြန်ကောက်ချက်ချလို့ရမှာပါ

Continue reading ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၃

ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၂

အပိုင်း ၁ သင်ခန်းစာ ၁ ကုဒ်တွေကို ဂရုတစိုက်အလေးထားရေးခြင်း

“ဂရုတစိုက်လုပ်ဆောင်မှုမှသည် ရဲရင့်သတ္တိရှိခြင်းဆီသို့” – Lao Tzu

“ပရိုဂရမ်မာကောင်းတွေက ကောင်းတဲ့ကုဒ်တွေကို ရေးတယ် ဆိုးတဲ့ပရိုဂရမ်မာတွေက ဆိုးတဲ့ကုဒ်ရေးတယ်” ဆိုတာ ရှားလော့ဟုမ်းကို ဖော်ထုတ်ခိုင်းဖို့ မလိုပါဘူး
ဆိုးတဲ့ကုဒ်တွေဆိုတာ ကျန်တဲ့ကျုပ်တို့ရှင်းဖို့အတွက် အရှုပ်ထုပ်ကြီးကြီးပဲဗျ
ကုဒ်ကောင်းကောင်းလေး ရေးချင်တယ်မို့လား
ပရိုဂရမ်မာကောင်း ဖြစ်ချင်တယ်မို့လား

Continue reading ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၂

ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၁

“မူရင်းစာရေးသူ၏ အမှာ”

သင်ဟာ coding ကို အလေးထားတယ်။ ပရိုဂရမ်ရေးတာကို အရမ်းစိတ်အားထက်သန်တယ်။ အလွန်ကောင်းမွန်တဲ့ဆော့ဖ်ဝဲတွေကို ရေးသားချင်တဲ့ ပရိုဂရမ်မာမျိုးလည်းဖြစ်တယ်။ ခုလုပ်နေတာထက် ပိုကောင်းအောင်လုပ်ချင်လို့ ဒီစာအုပ်ကိုကောက်ဖတ်လိုက်တာပေါ့။ ကောင်းတယ်ဗျာ။
ဒီစာအုပ်က သင့်ကို အကူအညီပေးပါလိမ့်မယ်။
ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က စာအုပ်အဖုံးမှာခေါင်းစဉ်ပေးထားသလိုပဲ ဒီစာအုပ်ဟာ သင့်ကို ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်စေဖို့ ကူညီပေးမှာပါ။ ပိုကောင်းတဲ့ ပရိုဂရမ်မာဆိုတာ ဘာကို ဆိုလိုပါလိမ့်။
ပရိုဂရမ်မာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းစပြီးသိပ်မကြာခင်မှာပဲ ပရိုဂရမ်မာကောင်းတယောက်ဖြစ်ဖို့ဆိုတာ အခြေခံလည်းကျွမ်းကျင် ပရိုဂရမ်ဘယ်လိုရေးရသလဲဆိုတဲ့သင်္ကေတ syntax တွေနားလည်ယုံလောက်နဲ့မလုံလောက်ပဲ ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်ဖို့ တခြားအကြောင်းအရာတွေရှိသေးတယ်ဆိုတာ သဘောပေါက်လာကြတတ်တယ်။ Continue reading ​ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၁

SharePoint online OOTB Task list not sending email to assignee

Last week I was supporting a user that SharePoint online OOTB task list not receiving email, in fact task list not sending email to any assigned person.

Of course the first thing I check it Task List > Advance Settings > E-Mail Notification option, but ‘Send e-mail when ownership is assigned’ is selected as ‘Yes’. So this should send email, why it doesn’t send.  Continue reading SharePoint online OOTB Task list not sending email to assignee

How to upload folder to SharePoint Online list

Hello long time no blogging, yes I am back to share my daily programmer life.

Today I was trying to upload a folder to document library using the normal way, Sync or Open folder with window explorer. But only for this Site Collection’s document library, Sky Drive for Business showing error “Unable to parse SOAP response. … document must have a top level element.”  Continue reading How to upload folder to SharePoint Online list