ပိုေကာင္းတဲ့ ပရိုဂရမ္မာ – ၂

အပိုင္း ၁ သင္ခန္းစာ ၁ ကုဒ္ေတြကို ဂရုတစိုက္အေလးထားေရးျခင္း

“ဂရုတစိုက္လုပ္ေဆာင္မွဳမွသည္ ရဲရင့္သတိၱရွိျခင္းဆီသို႕” – Lao Tzu

“ပရုိဂရမ္မာေကာင္းေတြက ေကာင္းတဲ့ကုဒ္ေတြကို ေရးတယ္ ဆိုးတဲ့ပရိုဂရမ္မာေတြက ဆိုးတဲ့ကုဒ္ေရးတယ္” ဆိုတာ ရွားေလာ့ဟုမ္းကို ေဖာ္ထုတ္ခုိင္းဖို႕ မလိုပါဘူး
ဆိုးတဲ့ကုဒ္ေတြဆိုတာ က်န္တဲ့က်ဳပ္တို႕ရွင္းဖို႕အတြက္ အရွဳပ္ထုပ္ျကီးႀကီးပဲဗ်
ကုဒ္ေကာင္းေကာင္းေလး ေရးခ်င္တယ္မို႕လား
ပရိုဂရမ္မာေကာင္း ျဖစ္ခ်င္တယ္မို႕လား

ေကာင္းတဲ့ကုဒ္ဆိုတာ ေလထုပါးပါးထဲက ထြက္ေပၚလာတာမဟုတ္ပါ
ကမၻာႀကီးတိမ္းေစာင္းတုန္း ကံေကာင္းလုိ႕ ျဖစ္လာတဲ့အရာလည္း မဟုတ္ပါ
ကုဒ္ေကာင္းေကာင္းရဖို႕ သင္ကိုယ္တိုင္ ျကိုးစားပမ္းစားေရးမွရမယ္
သင္က ေကာင္းေအာင္ ဂရုတစိုက္ေရးေပးမွ ကုဒ္ေကာင္းေကာင္းရပါမယ္

အဓိကမွတ္ဖို႕ ။ ။ ကုဒ္ေကာင္းေကာင္းရဖို႕ ဂရုတစိုက္ေရးပါ။ ပိုေကာင္းတဲ့ ပရုိဂရမ္မာျဖစ္ဖို႕ဆိုတာ အခ်ိန္နဲ႕အားထုတ္မွဳေတြ ရင္းႏွီးပါမွ ရပါမည္။

ပရိုဂရမ္းမင္းေကာင္းေကာင္းဆုိတာ နည္းပညာကြ်မ္းက်င္ယုံသက္သက္နဲ႕ပဲ ေပါက္ဖြားလာတာမဟုတ္ပါ
အရမ္းေကာင္းတဲ့ အထင္ႀကီးစရာေကာင္းတဲ့ algorithm ေတြေရးႏုိင္တဲ့ ပညာဥာဏ္အရမ္းျမင့္တဲ့ပရုိဂရမ္မာေတြ က်ဳပ္ေတြ႕ဘူးတယ္
သူတို႕က ပရိုဂရမ္မင္းဘာသာစကားရဲ့ အရည္အေသြးေတြကို ရင္ထဲအသဲကေတာင္ သိၾကတယ္
ဒါေပမဲ့လည္း သူတို႕ဟာ အဆိုးရြားဆုံးကုဒ္ေတြကိုလည္း ေရးေလ႕ရွိတယ္
ဖတ္ဖို႕လည္း ခံရခက္တယ္ သုံးဖို႕လည္း ခံရခက္တယ္ ျပင္ဖို႕လည္း ခံရခက္တဲ့ ကုဒ္ေတြေပါ့

အင္မတန္မွရိုးရွင္းတဲ့ကုဒ္ေတြကိုေရးတဲ့ ႏွိမ့္ခ်တတ္တဲ့ပရိုဂရမ္မာေတြကို ပိုၿပီးေတာ့ ေတြ႕ဘူးတယ္
သူတို႕ကေတာ့ ရွင္းရွင္းလင္းလင္းေဖာ္ျပတတ္တဲ့ ကုဒ္ေတြကို ေရးၾကတယ္
သူတို႕က ရွင္းရွင္းလင္းလင္းေရးေတာ့ သူတို႕နဲ႕အလုပ္လုပ္ရတာ ေပ်ာ္စရာေကာင္းတယ္

ေဆာ့ဖ္၀ဲလုပ္ငန္းထဲမွာ က်င္လည္ခဲ့တဲ့ က်ဳပ္အေတြ႕အျကဳံအရ ဆုံးျဖတ္လို႕ရတာရွိတယ္
သိပ္မေကာင္းတဲ့ပရိုဂရမ္မာနဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ပရိုဂရမ္မာႏွစ္ခုထဲ တကယ့္ကြာျခားခ်က္က သူတို႕ရဲ့ရပ္တည္ခ်က္ပါပဲ
ေကာင္းမြန္တဲ့ပရိုဂရမ္းမင္းဆိုတာ ပေရာ္ဖက္ရွင္နယ္က်က်နည္းလမ္းတက်ရပ္တည္က်င့္သုံးမွဳေပၚ မူတည္ပါတယ္
ေဆာ့ဖ္၀ဲလုပ္ငန္းထဲက တကယ့္ကန္႕သန္႕ခ်က္ေတြ ဖိအားေတြၾကားထဲက အေကာင္းဆုံးေဆာ့ဖ္၀ဲကို ေရးခ်င္တဲ့စိတ္ထားဖို႕လိုပါတယ္

“ငရဲကိုသြားမယ့္ကုဒ္ေတြကို ရည္ရြက္ခ်က္ေကာင္းေတြနဲ႕ တားဆီးပါ “
အေကာင္းဆုံးပရုိဂရမ္မာျဖစ္ဖို႕ဆိုတာ ရည္ရြက္ခ်က္ေကာင္းေကာင္းထားျခင္း ကုဒ္ေတြကုို ဂရုတစိုက္နဲ႕ေရးသားျခင္းတို႕ကေန ထြက္ေပၚလာတာပါ
အေကာင္းျမင္ရွဳေထာင့္ဖက္က မ်ားမ်ားၾကည့္ေပးဖို႕နဲ႕ ႀကီးမားတဲ့သေဘာထားရပ္တည္ခ်က္ထားဖို႕လိုပါတယ္
ကုဒ္ေကာင္းေကာင္းျဖစ္ဖို႕ ကြ်မ္းက်င္ပညာရွင္က ဂရုတစုိက္နဲ႕ ထုဆစ္မွရတာမ်ိဳးပါ
ငါသာလွ်င္ကြ်မ္းက်င္ဆိုတဲ့ ကုဒ္ဂုရုႀကီးေတြက လွ်ိဳ႕၀ွက္ဆန္းက်ယ္စြာေရးထားတာမ်ိဳးမဟုတ္သလို
ျဖစ္ကတတ္ဆန္းပရုိဂရမ္မာေတြက ကို္ယ္ခ်င္းစာစိတ္မရွိ နေမာ္နမဲ့ေရးထားတာမ်ိဳးလည္း မဟုတ္ပါဘူး

သင္က ကုဒ္ေကာင္းေကာင္းေရးခ်င္တယ္ ပရုိဂရမ္မာေကာင္းျဖစ္ခ်င္တယ္ ကုဒ္ကိုလည္း ဂရုတစိုက္အေလးထားၿပီးေရးတယ္
ဒီလိုဆိုရင္ေတာ့ သင္က စည္းနဲ႕ကမ္းနဲ႕လုပ္တာပါပဲ
ဥပမာအားျဖင့္

• ဘယ္လိုအေျခအေနမွာပဲကုဒ္ေရးရေရးရ သင္ဟာ အလုပ္လုပ္ပုံရတယ္သိပ္ေတာ့မေသခ်ာဆိုတဲ့ ကုဒ္မ်ိဳးကိုမေရးဘူး အမွန္အကန္အလုပ္လုပ္တယ္ ရွင္းရွင္းလင္းလင္းေရးထားတယ္ဆိုတဲ့ ကုဒ္မ်ိဳးကိုပဲ သင္က အပတ္တကုတ္ႀကိဳးစားၿပီးေရးတယ္(မွန္ကန္ေျကာင္းသက္ေသျပႏိုင္ေအာင္ ေသေသခ်ာခ်ာစမ္းထားတဲ့ စမ္းသပ္ခ်က္ေတြလည္း သင့္မွာရွိတယ္)

• ရည္ရြယ္ခ်က္ အဓိပၸါယ္ ကို ေဖာ္ေဆာင္ႏုိင္တဲ့ ကုဒ္မ်ိဳးကို သင္ေရးတယ္ (တျခားပရုိဂရမ္မာေတြက လြယ္လြယ္ကူကူ ဖတ္လို႕ရတာမ်ိဳး နားလည္လြယ္တဲ့ကုဒ္မ်ိဳး သင္ေရးတယ္) ။ သင့္ရဲ့ ကုဒ္က ျပင္ရလြယ္တယ္ (ေနာက္ေနာင္ သင္ေကာ တျခားသူေတြေကာ လြယ္လြယ္ျပင္လို႕ရတဲ့ကုဒ္မ်ိဳး သင္ေရးတယ္) ။ သင့္ရဲ့ကုဒ္က မွန္ကန္တယ္ (ျပသနာကိုသင္ေျဖရွင္းထားၿပီးၿပီဆိုတာ ဆုံးျဖတ္ႏိုင္တဲ့့အဆင့္အားလုံးကို သင္လုပ္ေဆာင္ထားတယ္)

• တျခားပရိုဂရမ္မာေတြနဲ႕ သင္က ေကာင္းေကာင္းႀကီးပူးေပါင္းလုပ္ေဆာင္ႏုိင္တယ္ ပရုိဂရမ္မာဆိုတာ ကြ်န္းတကြ်န္းမဟုတ္ဘူး တခ်ိဳ႕ေတြလည္း တေယာက္တည္းလုပ္တာမ်ိဳးရွိတယ္ ကုမၸဏီမွာလုပ္တာပဲျဖစ္ျဖစ္ open source project ေတြလုပ္တာပဲျဖစ္ျဖစ္ အမ်ားစုကေတာ့ အဖြဲ႕နဲ႕လုပ္ၾကတယ္ တျခားပရုိဂရမ္မာေတြဘက္ကလည္း သင္စဥ္းစားတယ္ တျခားပရိုဂရမ္မာေတြ နားလည္ႏုိင္တဲ့ ဖတ္ႏိုင္ေလာက္တဲ့ ကုဒ္ကို သင္ေရးတယ္။ သင္ေတာ္ေျကာင္းတတ္ေျကာင္း ျကြား၀ါခ်င္တာမ်ိဳးထက္ သင့္အဖြဲ႕နဲ႕အတူ သင္ဟာ အေကာင္းဆုံးေသာ ေဆာ့ဖ္၀ဲကို ေရးသားခ်င္စိတ္ထားတယ္။

• ဘယ္ကုဒ္ကို ဘယ္အခ်ိန္ျဖစ္ျဖစ္ သင္ထိလိုက္ရတာနဲ႕ သင္မျပင္ခင္ကထက္ ပုိေကာင္းေအာင္ သင္က ႀကိဳးစားပမ္းစားေရးထားခဲ့ခ်င္တယ္ (ပိုၿပီး ဖြဲ႕စည္းမွဳေကာင္းတာမ်ိဳး ၊ ပိုၿပီး စမ္းထားတာမ်ိဳး ၊ ပိုၿပီး နားလည္လြယ္တာမ်ိဳးကို သင္ေရးတယ္)

• ပရုိဂရမ္းမင္းကို ကုဒ္ေတြကို အေလးထားတဲ့သင္က ပရုိဂရမ္ဘာသာစကားအသစ္ေတြ နည္းသစ္ေတြကို သင္အၿမဲတမ္းစဥ္ဆက္မျပတ္ ေလ့လာေနတယ္ ဒါေပမဲ့ တကယ္သင့္ေတာ္တယ္ဆိုမွာသာ သင္က အဲ့အသစ္ေတြကို အသုံးျပဳတယ္)

ကုဒ္ေတြကိုအေလးထားလို႔ပဲ ကံေကာင္းစြာနဲ႕ သင္ဟာ ဒီစာအုပ္ကို ဖတ္ေနၿပီ။ သင္စိတ္၀င္စားတယ္။ သင္ဟာ အရူးအမူးလည္းျဖစ္တယ္။ ေကာင္းေအာင္လုပ္ဖုိ႕ သင္ႀကိုက္တယ္။ ဒါဆို ဆက္ဖတ္ပါေလ။ ကုဒ္ေတြကို ဘယ္လို အေလးထားၿပီး ဂရုတစိုက္ေရးရမယ္ဆိုတာ သင့္ကို လက္ေတြ႕ျပပါမယ္။

သင္ဒီစာအုပ္ကိုဖတ္ေနရင္း ပရုိဂရမ္းမင္းကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ဖို႕ ဘယ္ေတာ့မွမေမ့ပါနဲ႕။ ေျဖရွင္းရခက္တဲ့ျပသနာေတြကို လိုရင္းတိုရွင္းတဲ့ကုဒ္ေတြနဲ႕ ေပ်ာ္ေပ်ာ္ႀကီးေရးပါ။ သင့္ကို ဂုဏ္ယူေစေလာက္တဲ့ ေဆာ့ဖ္၀ဲကို ေရးသားထုတ္လုပ္လိုက္ပါ။

အဓိက မွတ္ဖို႕။ ။ ကုဒ္ေတြကို စိတ္ခံစားခ်က္နဲ႕ တုန္႕ျပန္တာ ဘာမွ မမွားပါဘူး။ ႀကီးက်ယ္တဲ့သင့္ရဲ့လုပ္ေဆာင္မွုအတြက္ သင္ဂုဏ္ယူတာမ်ိဳး ဆိုးရြားတဲ့ကုဒ္ေတြကို သင္ခပ္ျပင္းျပင္းႀကီး မႏွစ္သက္တာမ်ိဳးဟာ ေကာင္းတဲ့အေလ့အထပါ။

ေမးခြန္းမ်ား
၁။ ကုဒ္ေတြကို သင္ဂရုတစိုက္ အေလးထားၿပီးေရးပါသလား။ ဒီလိုလုပ္တာက သင္လုပ္တဲ့အလုပ္ကို ပိုမိုရွင္းလင္းျမင္သာလာေစပါသလား။
၂။ ပရုိဂရမ္မာတစ္ေယာက္အေနနဲ႕ သင္ကိုယ္သင္ျမွင့္တင္လိုပါသလား။ ဘယ္အပိုင္းေတြကို သင္အလုပ္သင့္ဆုံးလို႕ သင္ထင္ပါသလဲ။
၃။ ကုဒ္ေတြကို သင္အေလးမထားဘူးဆို ဘာလို႕မ်ား ဒီစာအုပ္ကို ဖတ္ေနမွာပါလိမ့္။
၄။ “ပရုိဂရမ္မာေကာင္းေတြက ေကာင္းတဲ့ကုဒ္ေတြကို ေရးတယ္ ဆိုးတဲ့ပရိုဂရမ္မာေတြက ဆိုးတဲ့ကုဒ္ေရးတယ္” ဆိုတဲ့စကားဟာ ဘယ္ေလာက္တိက်မွန္ကန္ပါသလဲ ေကာင္းတဲ့ပရိုဂရမ္မာေတြက ဆိုးရြားတဲ့ကုဒ္ေတြ ေရးႏိုင္ပါသလား။ ဘာေျကာင့္ပါလိမ့္။

ေလးစားစြာျဖင့္
ေစာေအးခ်မ္း

—————————————————————–

အပိုင်း ၁ သင်ခန်းစာ ၁  ကုဒ်တွေကို ဂရုတစိုက်အလေးထားရေးခြင်း

“ဂရုတစိုက်လုပ်ဆောင်မှုမှသည် ရဲရင့်သတိ္တရှိခြင်းဆီသို့” – Lao Tzu

“ပရိုဂရမ်မာကောင်းတွေက ကောင်းတဲ့ကုဒ်တွေကို ရေးတယ် ဆိုးတဲ့ပရိုဂရမ်မာတွေက ဆိုးတဲ့ကုဒ်ရေးတယ်” ဆိုတာ ရှားလော့ဟုမ်းကို ဖော်ထုတ်ခိုင်းဖို့ မလိုပါဘူး

ဆိုးတဲ့ကုဒ်တွေဆိုတာ ကျန်တဲ့ကျုပ်တို့ရှင်းဖို့အတွက် အရှုပ်ထုပ်ကြီးကြီးပဲဗျ

ကုဒ်ကောင်းကောင်းလေး ရေးချင်တယ်မို့လား

ပရိုဂရမ်မာကောင်း ဖြစ်ချင်တယ်မို့လား
ကောင်းတဲ့ကုဒ်ဆိုတာ လေထုပါးပါးထဲက ထွက်ပေါ်လာတာမဟုတ်ပါ

ကမ္ဘာကြီးတိမ်းစောင်းတုန်း ကံကောင်းလို့ ဖြစ်လာတဲ့အရာလည်း မဟုတ်ပါ

ကုဒ်ကောင်းကောင်းရဖို့ သင်ကိုယ်တိုင် ကြိုးစားပမ်းစားရေးမှရမယ်

သင်က ကောင်းအောင် ဂရုတစိုက်ရေးပေးမှ ကုဒ်ကောင်းကောင်းရပါမယ်
အဓိကမှတ်ဖို့ ။ ။ ကုဒ်ကောင်းကောင်းရဖို့ ဂရုတစိုက်ရေးပါ။ ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်ဖို့ဆိုတာ အချိန်နဲ့အားထုတ်မှုတွေ ရင်းနှီးပါမှ ရပါမည်။
ပရိုဂရမ်းမင်းကောင်းကောင်းဆိုတာ နည်းပညာကျွမ်းကျင်ယုံသက်သက်နဲ့ပဲ ပေါက်ဖွားလာတာမဟုတ်ပါ

အရမ်းကောင်းတဲ့ အထင်ကြီးစရာကောင်းတဲ့ algorithm တွေရေးနိုင်တဲ့ ပညာဉာဏ်အရမ်းမြင့်တဲ့ပရိုဂရမ်မာတွေ ကျုပ်တွေ့ဘူးတယ်

သူတို့က ပရိုဂရမ်မင်းဘာသာစကားရဲ့ အရည်အသွေးတွေကို ရင်ထဲအသဲကတောင် သိကြတယ်

ဒါပေမဲ့လည်း သူတို့ဟာ အဆိုးရွားဆုံးကုဒ်တွေကိုလည်း ရေးလေ့ရှိတယ်

ဖတ်ဖို့လည်း ခံရခက်တယ် သုံးဖို့လည်း ခံရခက်တယ် ပြင်ဖို့လည်း ခံရခက်တဲ့ ကုဒ်တွေပေါ့
အင်မတန်မှရိုးရှင်းတဲ့ကုဒ်တွေကိုရေးတဲ့ နှိမ့်ချတတ်တဲ့ပရိုဂရမ်မာတွေကို ပိုပြီးတော့ တွေ့ဘူးတယ်

သူတို့ကတော့ ရှင်းရှင်းလင်းလင်းဖော်ပြတတ်တဲ့ ကုဒ်တွေကို ရေးကြတယ်

သူတို့က ရှင်းရှင်းလင်းလင်းရေးတော့ သူတို့နဲ့အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်
ဆော့ဖ်ဝဲလုပ်ငန်းထဲမှာ ကျင်လည်ခဲ့တဲ့ ကျုပ်အတွေ့အကြုံအရ ဆုံးဖြတ်လို့ရတာရှိတယ်

သိပ်မကောင်းတဲ့ပရိုဂရမ်မာနဲ့ ကြီးကျယ်ခမ်းနားတဲ့ပရိုဂရမ်မာနှစ်ခုထဲ တကယ့်ကွာခြားချက်က သူတို့ရဲ့ရပ်တည်ချက်ပါပဲ

ကောင်းမွန်တဲ့ပရိုဂရမ်းမင်းဆိုတာ ပရော်ဖက်ရှင်နယ်ကျကျနည်းလမ်းတကျရပ်တည်ကျင့်သုံးမှုပေါ် မူတည်ပါတယ်

ဆော့ဖ်ဝဲလုပ်ငန်းထဲက တကယ့်ကန့်သန့်ချက်တွေ ဖိအားတွေကြားထဲက အကောင်းဆုံးဆော့ဖ်ဝဲကို ရေးချင်တဲ့စိတ်ထားဖို့လိုပါတယ်
“ငရဲကိုသွားမယ့်ကုဒ်တွေကို ရည်ရွက်ချက်ကောင်းတွေနဲ့ တားဆီးပါ “

အကောင်းဆုံးပရိုဂရမ်မာဖြစ်ဖို့ဆိုတာ ရည်ရွက်ချက်ကောင်းကောင်းထားခြင်း ကုဒ်တွေကို ဂရုတစိုက်နဲ့ရေးသားခြင်းတို့ကနေ ထွက်ပေါ်လာတာပါ

အကောင်းမြင်ရှုထောင့်ဖက်က များများကြည့်ပေးဖို့နဲ့ ကြီးမားတဲ့သဘောထားရပ်တည်ချက်ထားဖို့လိုပါတယ်

ကုဒ်ကောင်းကောင်းဖြစ်ဖို့ ကျွမ်းကျင်ပညာရှင်က ဂရုတစိုက်နဲ့ ထုဆစ်မှရတာမျိုးပါ

ငါသာလျှင်ကျွမ်းကျင်ဆိုတဲ့ ကုဒ်ဂုရုကြီးတွေက လျှို့ဝှက်ဆန်းကျယ်စွာရေးထားတာမျိုးမဟုတ်သလို

ဖြစ်ကတတ်ဆန်းပရိုဂရမ်မာတွေက ကိုယ်ချင်းစာစိတ်မရှိ နမော်နမဲ့ရေးထားတာမျိုးလည်း မဟုတ်ပါဘူး
သင်က ကုဒ်ကောင်းကောင်းရေးချင်တယ် ပရိုဂရမ်မာကောင်းဖြစ်ချင်တယ် ကုဒ်ကိုလည်း ဂရုတစိုက်အလေးထားပြီးရေးတယ်

ဒီလိုဆိုရင်တော့ သင်က စည်းနဲ့ကမ်းနဲ့လုပ်တာပါပဲ

ဥပမာအားဖြင့်
• ဘယ်လိုအခြေအနေမှာပဲကုဒ်ရေးရရေးရ သင်ဟာ အလုပ်လုပ်ပုံရတယ်သိပ်တော့မသေချာဆိုတဲ့ ကုဒ်မျိုးကိုမရေးဘူး အမှန်အကန်အလုပ်လုပ်တယ် ရှင်းရှင်းလင်းလင်းရေးထားတယ်ဆိုတဲ့ ကုဒ်မျိုးကိုပဲ သင်က အပတ်တကုတ်ကြိုးစားပြီးရေးတယ်(မှန်ကန်ကြောင်းသက်သေပြနိုင်အောင် သေသေချာချာစမ်းထားတဲ့ စမ်းသပ်ချက်တွေလည်း သင့်မှာရှိတယ်)
• ရည်ရွယ်ချက် အဓိပ္ပါယ် ကို ဖော်ဆောင်နိုင်တဲ့ ကုဒ်မျိုးကို သင်ရေးတယ် (တခြားပရိုဂရမ်မာတွေက လွယ်လွယ်ကူကူ ဖတ်လို့ရတာမျိုး နားလည်လွယ်တဲ့ကုဒ်မျိုး သင်ရေးတယ်) ။ သင့်ရဲ့ ကုဒ်က ပြင်ရလွယ်တယ် (နောက်နောင် သင်ကော တခြားသူတွေကော လွယ်လွယ်ပြင်လို့ရတဲ့ကုဒ်မျိုး သင်ရေးတယ်) ။ သင့်ရဲ့ကုဒ်က မှန်ကန်တယ် (ပြသနာကိုသင်ဖြေရှင်းထားပြီးပြီဆိုတာ ဆုံးဖြတ်နိုင်တဲ့အဆင့်အားလုံးကို သင်လုပ်ဆောင်ထားတယ်)
• တခြားပရိုဂရမ်မာတွေနဲ့ သင်က ကောင်းကောင်းကြီးပူးပေါင်းလုပ်ဆောင်နိုင်တယ် ပရိုဂရမ်မာဆိုတာ ကျွန်းတကျွန်းမဟုတ်ဘူး တချို့တွေလည်း တယောက်တည်းလုပ်တာမျိုးရှိတယ် ကုမ္ပဏီမှာလုပ်တာပဲဖြစ်ဖြစ် open source project တွေလုပ်တာပဲဖြစ်ဖြစ် အများစုကတော့ အဖွဲ့နဲ့လုပ်ကြတယ် တခြားပရိုဂရမ်မာတွေဘက်ကလည်း သင်စဉ်းစားတယ် တခြားပရိုဂရမ်မာတွေ နားလည်နိုင်တဲ့ ဖတ်နိုင်လောက်တဲ့ ကုဒ်ကို သင်ရေးတယ်။ သင်တော်ကြောင်းတတ်ကြောင်း ကြွားဝါချင်တာမျိုးထက် သင့်အဖွဲ့နဲ့အတူ သင်ဟာ အကောင်းဆုံးသော ဆော့ဖ်ဝဲကို ရေးသားချင်စိတ်ထားတယ်။
• ဘယ်ကုဒ်ကို ဘယ်အချိန်ဖြစ်ဖြစ် သင်ထိလိုက်ရတာနဲ့ သင်မပြင်ခင်ကထက် ပိုကောင်းအောင် သင်က ကြိုးစားပမ်းစားရေးထားခဲ့ချင်တယ် (ပိုပြီး ဖွဲ့စည်းမှုကောင်းတာမျိုး ၊ ပိုပြီး စမ်းထားတာမျိုး ၊ ပိုပြီး နားလည်လွယ်တာမျိုးကို သင်ရေးတယ်)
• ပရိုဂရမ်းမင်းကို ကုဒ်တွေကို အလေးထားတဲ့သင်က ပရိုဂရမ်ဘာသာစကားအသစ်တွေ နည်းသစ်တွေကို သင်အမြဲတမ်းစဉ်ဆက်မပြတ် လေ့လာနေတယ် ဒါပေမဲ့ တကယ်သင့်တော်တယ်ဆိုမှာသာ သင်က အဲ့အသစ်တွေကို အသုံးပြုတယ်)
ကုဒ်တွေကိုအလေးထားလို့ပဲ ကံကောင်းစွာနဲ့ သင်ဟာ ဒီစာအုပ်ကို ဖတ်နေပြီ။ သင်စိတ်ဝင်စားတယ်။ သင်ဟာ အရူးအမူးလည်းဖြစ်တယ်။ ကောင်းအောင်လုပ်ဖို့ သင်ကြိုက်တယ်။ ဒါဆို ဆက်ဖတ်ပါလေ။ ကုဒ်တွေကို ဘယ်လို အလေးထားပြီး ဂရုတစိုက်ရေးရမယ်ဆိုတာ သင့်ကို လက်တွေ့ပြပါမယ်။
သင်ဒီစာအုပ်ကိုဖတ်နေရင်း ပရိုဂရမ်းမင်းကို ပျော်ပျော်ရွှင်ရွှင်လုပ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ဖြေရှင်းရခက်တဲ့ပြသနာတွေကို လိုရင်းတိုရှင်းတဲ့ကုဒ်တွေနဲ့ ပျော်ပျော်ကြီးရေးပါ။ သင့်ကို ဂုဏ်ယူစေလောက်တဲ့ ဆော့ဖ်ဝဲကို ရေးသားထုတ်လုပ်လိုက်ပါ။
အဓိက မှတ်ဖို့။ ။ ကုဒ်တွေကို စိတ်ခံစားချက်နဲ့ တုန့်ပြန်တာ ဘာမှ မမှားပါဘူး။ ကြီးကျယ်တဲ့သင့်ရဲ့လုပ်ဆောင်မှုအတွက် သင်ဂုဏ်ယူတာမျိုး ဆိုးရွားတဲ့ကုဒ်တွေကို သင်ခပ်ပြင်းပြင်းကြီး မနှစ်သက်တာမျိုးဟာ ကောင်းတဲ့အလေ့အထပါ။
မေးခွန်းများ

၁။ ကုဒ်တွေကို သင်ဂရုတစိုက် အလေးထားပြီးရေးပါသလား။ ဒီလိုလုပ်တာက သင်လုပ်တဲ့အလုပ်ကို ပိုမိုရှင်းလင်းမြင်သာလာစေပါသလား။

၂။ ပရိုဂရမ်မာတစ်ယောက်အနေနဲ့ သင်ကိုယ်သင်မြှင့်တင်လိုပါသလား။ ဘယ်အပိုင်းတွေကို သင်အလုပ်သင့်ဆုံးလို့ သင်ထင်ပါသလဲ။

၃။ ကုဒ်တွေကို သင်အလေးမထားဘူးဆို ဘာလို့များ ဒီစာအုပ်ကို ဖတ်နေမှာပါလိမ့်။

၄။ “ပရိုဂရမ်မာကောင်းတွေက ကောင်းတဲ့ကုဒ်တွေကို ရေးတယ် ဆိုးတဲ့ပရိုဂရမ်မာတွေက ဆိုးတဲ့ကုဒ်ရေးတယ်” ဆိုတဲ့စကားဟာ ဘယ်လောက်တိကျမှန်ကန်ပါသလဲ ကောင်းတဲ့ပရိုဂရမ်မာတွေက ဆိုးရွားတဲ့ကုဒ်တွေ ရေးနိုင်ပါသလား။ ဘာကြောင့်ပါလိမ့်။
လေးစားစွာဖြင့်

စောအေးချမ်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s