​ပိုေကာင္းတဲ့ ပရိုဂရမ္မာ – ၁

“မူရင္းစာေရးသူ၏ အမွာ”

သင္ဟာ coding ကို အေလးထားတယ္။ ပရုိဂရမ္ေရးတာကို အရမ္းစိတ္အားထက္သန္တယ္။ အလြန္ေကာင္းမြန္တဲ့ေဆာ့ဖ္၀ဲေတြကို ေရးသားခ်င္တဲ့ ပရိုဂရမ္မာမ်ိဳးလည္းျဖစ္တယ္။ ခုလုပ္ေနတာထက္ ပိုေကာင္းေအာင္လုပ္ခ်င္လို႕ ဒီစာအုပ္ကိုေကာက္ဖတ္လိုက္တာေပါ့။ ေကာင္းတယ္ဗ်ာ။
ဒီစာအုပ္က သင့္ကို အကူအညီေပးပါလိမ့္မယ္။
ဒီစာအုပ္ရဲ့ရည္ရြယ္ခ်က္က စာအုပ္အဖုံးမွာေခါင္းစဥ္ေပးထားသလိုပဲ ဒီစာအုပ္ဟာ သင့္ကို ပိုေကာင္းတဲ့ ပရိုဂရမ္မာျဖစ္ေစဖို႕ ကူညီေပးမွာပါ။ ပိုေကာင္းတဲ့ ပရိုဂရမ္မာဆိုတာ ဘာကို ဆိုလိုပါလိမ့္။
ပရိုဂရမ္မာတစ္ေယာက္အျဖစ္ အသက္ေမြး၀မ္းေက်ာင္းစၿပီးသိပ္မၾကာခင္မွာပဲ ပရိုဂရမ္မာေကာင္းတေယာက္ျဖစ္ဖို႕ဆိုတာ အေျခခံလည္းကြ်မ္းက်င္ ပရိုဂရမ္ဘယ္လိုေရးရသလဲဆိုတဲ့သေကၤတ syntax ေတြနားလည္ယုံေလာက္နဲ႕မလုံေလာက္ပဲ ပိုေကာင္းတဲ့ ပရိုဂရမ္မာျဖစ္ဖို႕ တျခားအေျကာင္းအရာေတြရွိေသးတယ္ဆိုတာ သေဘာေပါက္လာျကတတ္တယ္။
ေကာင္းေပ့ဆိုတဲ့ပရိုဂရမ္မာေတြဆိုတာ အလုပ္ပိုၿပီးေအာင္လုပ္ႏုိင္သူေတြပါ သူတို႕ဟာ လွပေက်ာ့ရွင္းတဲ့ ပရိုဂရမ္ကုဒ္ေတြေရးရုံမက တျခားလူေတြနဲ႕ပါအတူတကြ ပူးေပါင္းေဆာင္ရြက္ၿပီးလုပ္တတ္သူေတြ ပုိၿပီးသိေအာင္အားထုတ္တတ္သူေတြျဖစ္ပါတယ္။
လုပ္နည္းလုပ္ဟန္ေတြ သေဘာထားေကာင္းမြန္မွဳေတြ ျပသနာတခုကိုအေျဖရွာခ်ဥ္းကပ္မွဳေတြ နည္းစနစ္ကြ်မ္းက်င္မွုေတြ စတဲ့ အခ်ိန္နဲ႕အမွ်သင္ေတြ႕ႀကဳံလာတာေတြက သင့္ကိုပိုၿပီး ေကာင္းက်ိဳးရွိလာေစမွာပါ။

အသုံး၀င္လွတဲ့ လူမွဳဆက္ဆံေရးနည္းလမ္းေတြႏွင့္ ေျမာက္မ်ားလွတဲ့ဗဟုသုတမွတ္သားစရာေတြကိုလည္း သင္သိလာဦးမွာပါ။
ေအးေလ သိပ္ဟုတ္တာေပါ့ ပရိုဂရမ္ေရးတဲ့ syntax ေတြ ပရုိဂရမ္ဒီဇိုင္းေတြလည္း ေလ့လာဖို႕လိုတာေပါ့

ဒီစာအုပ္က ပိုေကာင္းတဲ့ပရိုဂရမ္တစ္ေယာက္ျဖစ္လာေစဖို႕ သင့္ကို ပရုိဂရမ္ေရးသားျခင္းအႏုပညာ အတြက္ နည္းလမ္းေတြ အသုံးခ်စရာေတြမ်ားစြာေပးစြမ္းသြားမွာပါ။
ကဲနိဒန္းစာက ရွည္သြားၿပီ။ ဒီပရိုဂရမ္နယ္ပယ္က က်ယ္၀န္းလွပါတယ္။ အၿမဲသင္ယူေလ့လာစရာတခုမဟုတ္ရွိေနတယ္ ေန႕တိုင္းနီးပါးအသစ္တခုထြက္ေနတယ္။

ဒီစာအုပ္ထဲမွာပါတဲ့ သင္ခန္းစာေတြက က်ဳပ္ ဆယ့္ငါးႏွစ္မက ကြ်မ္းက်င္တဲ့ ပရုိဂရမ္မာတစ္ေယာက္အျဖစ္လုပ္ခဲ့တာရဲ့ အသီးအပြင့္ေတြေပါ့ဗ်ာ။

ပရိုဂရမ္ကုဒ္ေတြစာေၾကာင္းေရေတာ္ေတာ္မ်ားမ်ားျကီး က်ဳပ္ေတြ႕ခဲ့ဘူးၿပီ။ အမွားေတြလည္း ေတာ္ေတာ္လုပ္ခဲ့ဘူးၿပီ။

က်ဳပ္က ဆရာ့ဆရာျကီးလို႕ က်ဳပ္ကိုက်ဳပ္မသတ္မွတ္ပါဘူး။ က်ဳပ္က ေသခ်ာကြ်မ္းက်င္တဲ့သူတစ္ေယာက္ပါ။ က်ဳပ္အမွားေတြကေန သင္ခန္းစာယူႏိုင္ရင္ က်ဳပ္အေတြ႕အႀကဳံေတြက သင့္အတြက္ မွတ္သားစရာ အားေပးလွဳံေဆာ္ရာေရာက္ရင္ပဲ သင္ဟာ သင့္အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းမွာ ေျခတလွမ္းပိုေရွ႕ေရာက္တာေပါ့ဗ်။
“ဒီစာအုပ္ထဲဘာေတြပါလဲ”
ဒီစာအုပ္မွာပါတဲ့ စာေတြက ေဆာ့၀ဲေရးသူတစ္ေယာက္ရဲ့ဘ၀ အျပည့္အစုံကို ေဖာ္ျပေပးပါလိမ့္မယ္။

• Coding ဘယ္လိုမ်ားေရးရမလဲ Code ေတြတေၾကာင္းခ်င္းဆီရဲ့ ေဆာ့၀ဲအစိတ္အပိုင္းတခုကို ဘယ္လိုဒီဇိုင္းဆြဲရမလဲ

• သင့္အလုပ္သင္ပိုေကာင္းေအာင္လုပ္ႏုိင္ဖို႕ လက္ေတြ႕က်တဲ့နည္းလမ္းေတြ

• သင့္ကို အရမ္းထိေရာက္မွဳရွိေစမယ့္ အေျခေကာင္းေကာင္းက်ေစမယ့္ စိတ္ႏွလုံးသြင္းမွုေတြ လုပ္ပုံလုပ္နည္းေတြ

• လုပ္ထုံးလုပ္နည္းက်တဲ့ အစီအစဥ္တက်ရွိတဲ့ သိစရာမွတ္စရာေတြက သင့္ကို ေဆာ့၀ဲလုပ္ငန္းခြင္မွာ ေအာင္ျမင္ရန္ ကူညီေပးပါလိမ့္မယ္

ပရိုဂရမ္ language တခုကိုပဲသီးသန္႕ လုပ္ငန္းတခုကိုပဲသီးသန္႕ ဘက္လိုက္ေရးထားတာမ်ိဳး ဒီစာအုပ္ထဲ မပါပါဘူး

“ဒီစာအုပ္ဘယ္သူေတြ ဖတ္သင့္လဲ”

သင္ ပါပဲ။

သင္က ကြ်မ္းက်င္ပညာရွင္ပဲျဖစ္ေစ သာမာန္ကြ်မ္းက်င္သူပဲျဖစ္ေစ အေပ်ာ္တမ္းေရးသားသူပဲျဖစ္ေစ ဒီစာအုပ္က သင့္ကို အေထာက္အကူေပးပါလိမ့္မယ္။

ဘယ္အဆင့္က ပရုိဂရမ္မာကိုပဲျဖစ္ေစ ဒီဟာအုပ္က အကူအညီေပးဖို႕ ရည္ရြယ္ပါတယ္။ တကယ္ေျပာတာပါ ဘယ္ေလာက္ပဲအေတြ႕အျကဳံရွိတဲ့ ပရိုဂရမ္မာျဖစ္ပါေစ အၿမဲတမ္းသင္ယူစရာ တခုခုေတာ့ ရွိေနတတ္တယ္ တိုးတက္စရာေနရာေတြ ရွိေနတာပါပဲ။

သင္ခန္းစာတုိင္းက သင့္ကြ်မ္းက်င္မွဳေတြကို ျပန္လည္ဆန္းစစ္ခြင့္ေပးလိမ့္မယ္ သင္တိုးတက္ဖို႕ လက္ေတြ႕က်တဲ့နည္းေတြေပးပါလိမ့္မယ္။
ဒီစာအုပ္ဖတ္ဖို႕သင့္မွာျကိဳရွိရမယ့္လိုအပ္ခ်က္ဆိုလို႕ သင္ကုိယ္တုိင္က ပိုေကာင္းတဲ့ ပရိုဂရမ္မာျဖစ္ခ်င္စိတ္ရွိဖို႕ပါပဲ။
“ဘယ္လိုဖတ္ရမလဲ”
သင္ခန္းစာတခုၿပီးတခုဖတ္လည္းရတယ္ သင့္ျကိဳက္မယ္ထင္တဲ့ အခန္းကို ေက်ာ္ဖတ္လည္းရပါတယ္ သင္ျကိဳက္သလိုဖတ္ပါေလ။

အဓိက သင္ခန္းစာ ငါးခုခြဲထားေပးတယ္။

• You.write(code); သင္ ပရိုဂရမ္ကုဒ္ေရးပါသည္

ပရိုဂရမ္မာတုိင္း သက္ေတာင့္သက္သာဖတ္လို႕ရမယ့္ coding ေရးျခင္းကစပါမယ္။ ဒီသင္ခန္းစာမွာ အေရးပါတဲ့ coding ေရးနည္းလမ္းေတြ အေကာင္းဆုံး code ဘယ္လိုေရးရမလဲဆိုတာေတြ ပါမယ္။ code ဘယ္လိုေရးရမလဲ ဘယ္လိုဖတ္ရမလဲ ဘယ္လို ဒီဇိုင္းဆင္ရမလဲ အျကမ္းခံတဲ့ code (robust code) ေရးနည္းေတြ ပါပါမယ္။

• ေလ့က်င့္ပါမွ ကြ်မ္းက်င္

ဒီသင္ခန္းစာမွာေတာ့ ပိုေကာင္းတဲ့ပရိုဂရမ္မာျဖစ္ေစဖို႕ ဘယ္လိုအေလ့အက်င့္ေတြက်င့္သုံးရမလဲဆိုေတာေတြေဖာ္ျပေပးမယ္။ ဘယ္လို သေဘာထားမ်ိဳး ထားရမလဲ coding ေရးတဲ့အလုပ္ကို ဘယ္လိုခ်ဥ္းကပ္သင့္လဲ ပိုေကာင္းတဲ့ coding ေတြေရးဖို႕ တကယ္ေကာင္းတဲ့နည္းလမ္းေတြ ပါပါမယ္။

• ကိုယ္ရည္ကိုယ္ေသြး

ဒီသင္ခန္းစာကေတာ့ သင့္ကိုယ္သင္ဘယ္လိုတည္ေဆာက္သင့္သလဲဆိုတာ အတြင္းက်က် ေဖာ္ျပေပးမယ္။ ထိေရာက္ေအာင္ ဘယ္လိုေလ့လာမလဲ က်င့္၀တ္နဲ႕အညီ ဘယ္လိုျပဳမူဖို႕ စဥ္းစားသင့္လဲ ဘယ္လိုစိန္ေခၚမွဳေတြသင္ရွာေဖြသင့္သလဲ တိုးတက္မွဳမရွိတာကို ဘယ္လိုေရွာင္ရွားရမလဲေတြအျပင္ ကိုယ္ခႏၵာက်န္းမာေရးနဲ႕ညီညြတ္ေအာင္ ဘယ္လိုေနရမလဲဆိုတာေတြ ပါပါမယ္

• လူမွဳေရးရာ

ေဆာ့၀ဲေရးသားျခင္းလုပ္ငန္းဟာ လူမွဳေရးပါ၀င္တဲ့အလုပ္တခုပါပဲ ဒီသင္ခန္းစာမွာေတာ့ ေဆာ့၀ဲအလုပ္ထဲက တျခားလုပ္ကိုင္သူေတြနဲ႕အတူတကြဘယ္လိုပူးေပါင္းေဆာင္ရြက္ရမလဲဆိုတာ ေဖာ္ျပေပးသြားပါမယ္။
သင္ခန္းစာတခုၿပီးတုိင္း ေမးခြန္းေလးေတြထည့္ေပးထားပါတယ္ သင္ဖတ္ျပီးတာေတြကို အပ္ေျကာင္းထပ္ေအာင္ ထပ္ေရးတာမဟုတ္ပါဘူး သင္ပိုၿပီးေတြးေတာမိေအာင္ သင့္ကိုယ္ပုိင္အေတြ႕အျကဳံေတြနဲ႕ ဆက္စပ္ေတြးေတာမိေစမယ့္ ေမးခြန္းေလးေတြပါ။ ဒီေမးခြန္းေလးေတြကို ေသခ်ာစဥ္းစားၿပီး ေျဖျကည့္ျကည့္ပါ သင္ဟာ ပိုေကာင္းတဲ့ ပရိုဂရမ္မာတစ္ေယာက္ျဖစ္လာမွာပါ။
“ေခါင္းေဆာင္မ်ားအတြက္”
တကယ္လို႕ သင္က ပရိုဂရမ္မာေတြရဲ့ ေခါင္းေဆာင္တေယာက္ ဦးေဆာင္သူတေယာက္ဆိုရင္လည္း သင့္လက္ေအာက္ကလူေတြကို သုံးသပ္ဖို႕ ဒီစာအုပ္က သင့္ကို အက်ိဳးျပဳေစမွာပါ။ တေယာက္ခ်င္းဒါမွမဟုတ္ တဖြဲ႕လုံးအတြက္ သင္သုံးႏုိင္ပါတယ္။

သင့္လက္ေအာက္ကလူေတြကို မတူတဲ့သင္ခန္းစာတခုဆီဖတ္ခုိင္းပါ ၿပီးေတာ့ အားလုံးကို ေဆြးေႏြးခိုင္းရင္လည္း အဆင္ေျပမွာပါ။
“ဘာသာျပန္သူ၏ အမွာ 🙂 “
စလုံးကျပန္ၿပီး ကြ်န္ေတာ္လုပ္ဖို႕ စဥ္းစားထားတာေတြထဲက တခုကို စမိတာပါ။ ပရိုဂရမ္မာေတြ Software Industry ထဲကလူေတြ ဖတ္ဖို႕ ဘာသာျပန္စာေတြ အက်ိဳးရွိမယ့္စာေတြ ေရးသားဖို႕ပါပဲ။ စျဖစ္သြားတဲ့အတြက္ ၀မ္းသာပါတယ္။ တပတ္ကို စာတပုဒ္တင္ဖို႕ ႀကိဳးစားသြားပါ့မယ္။ ေစာင့္ဖတ္ေပးၾကေနာ္။
ေလးစားစြာျဖင့္

ေစာေအးခ်မ္း

———————————————————–

Unicode

“မူရင်းစာရေးသူ၏ အမှာ”

သင်ဟာ coding ကို အလေးထားတယ်။ ပရိုဂရမ်ရေးတာကို အရမ်းစိတ်အားထက်သန်တယ်။ အလွန်ကောင်းမွန်တဲ့ဆော့ဖ်ဝဲတွေကို ရေးသားချင်တဲ့ ပရိုဂရမ်မာမျိုးလည်းဖြစ်တယ်။ ခုလုပ်နေတာထက် ပိုကောင်းအောင်လုပ်ချင်လို့ ဒီစာအုပ်ကိုကောက်ဖတ်လိုက်တာပေါ့။ ကောင်းတယ်ဗျာ။

ဒီစာအုပ်က သင့်ကို အကူအညီပေးပါလိမ့်မယ်။

ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က စာအုပ်အဖုံးမှာခေါင်းစဉ်ပေးထားသလိုပဲ ဒီစာအုပ်ဟာ သင့်ကို ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်စေဖို့ ကူညီပေးမှာပါ။ ပိုကောင်းတဲ့ ပရိုဂရမ်မာဆိုတာ ဘာကို ဆိုလိုပါလိမ့်။

ပရိုဂရမ်မာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းစပြီးသိပ်မကြာခင်မှာပဲ ပရိုဂရမ်မာကောင်းတယောက်ဖြစ်ဖို့ဆိုတာ အခြေခံလည်းကျွမ်းကျင် ပရိုဂရမ်ဘယ်လိုရေးရသလဲဆိုတဲ့သငေ်္ကတ syntax တွေနားလည်ယုံလောက်နဲ့မလုံလောက်ပဲ ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်ဖို့ တခြားအကြောင်းအရာတွေရှိသေးတယ်ဆိုတာ သဘောပေါက်လာကြတတ်တယ်။

ကောင်းပေ့ဆိုတဲ့ပရိုဂရမ်မာတွေဆိုတာ အလုပ်ပိုပြီးအောင်လုပ်နိုင်သူတွေပါ သူတို့ဟာ လှပကျော့ရှင်းတဲ့ ပရိုဂရမ်ကုဒ်တွေရေးရုံမက တခြားလူတွေနဲ့ပါအတူတကွ ပူးပေါင်းဆောင်ရွက်ပြီးလုပ်တတ်သူတွေ ပိုပြီးသိအောင်အားထုတ်တတ်သူတွေဖြစ်ပါတယ်။

လုပ်နည်းလုပ်ဟန်တွေ သဘောထားကောင်းမွန်မှုတွေ ပြသနာတခုကိုအဖြေရှာချဉ်းကပ်မှုတွေ နည်းစနစ်ကျွမ်းကျင်မှုတွေ စတဲ့ အချိန်နဲ့အမျှသင်တွေ့ကြုံလာတာတွေက သင့်ကိုပိုပြီး ကောင်းကျိုးရှိလာစေမှာပါ။
အသုံးဝင်လှတဲ့ လူမှုဆက်ဆံရေးနည်းလမ်းတွေနှင့် မြောက်များလှတဲ့ဗဟုသုတမှတ်သားစရာတွေကိုလည်း သင်သိလာဦးမှာပါ။

အေးလေ သိပ်ဟုတ်တာပေါ့ ပရိုဂရမ်ရေးတဲ့ syntax တွေ ပရိုဂရမ်ဒီဇိုင်းတွေလည်း လေ့လာဖို့လိုတာပေါ့
ဒီစာအုပ်က ပိုကောင်းတဲ့ပရိုဂရမ်တစ်ယောက်ဖြစ်လာစေဖို့ သင့်ကို ပရိုဂရမ်ရေးသားခြင်းအနုပညာ အတွက် နည်းလမ်းတွေ အသုံးချစရာတွေများစွာပေးစွမ်းသွားမှာပါ။

ကဲနိဒန်းစာက ရှည်သွားပြီ။ ဒီပရိုဂရမ်နယ်ပယ်က ကျယ်ဝန်းလှပါတယ်။ အမြဲသင်ယူလေ့လာစရာတခုမဟုတ်ရှိနေတယ် နေ့တိုင်းနီးပါးအသစ်တခုထွက်နေတယ်။
ဒီစာအုပ်ထဲမှာပါတဲ့ သင်ခန်းစာတွေက ကျုပ် ဆယ့်ငါးနှစ်မက ကျွမ်းကျင်တဲ့ ပရိုဂရမ်မာတစ်ယောက်အဖြစ်လုပ်ခဲ့တာရဲ့ အသီးအပွင့်တွေပေါ့ဗျာ။
ပရိုဂရမ်ကုဒ်တွေစာကြောင်းရေတော်တော်များများကြီး ကျုပ်တွေ့ခဲ့ဘူးပြီ။ အမှားတွေလည်း တော်တော်လုပ်ခဲ့ဘူးပြီ။
ကျုပ်က ဆရာ့ဆရာကြီးလို့ ကျုပ်ကိုကျုပ်မသတ်မှတ်ပါဘူး။ ကျုပ်က သေချာကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ ကျုပ်အမှားတွေကနေ သင်ခန်းစာယူနိုင်ရင် ကျုပ်အတွေ့အကြုံတွေက သင့်အတွက် မှတ်သားစရာ အားပေးလှုံဆော်ရာရောက်ရင်ပဲ သင်ဟာ သင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ခြေတလှမ်းပိုရှေ့ရောက်တာပေါ့ဗျ။

“ဒီစာအုပ်ထဲဘာတွေပါလဲ”

ဒီစာအုပ်မှာပါတဲ့ စာတွေက ဆော့ဝဲရေးသူတစ်ယောက်ရဲ့ဘ၀ အပြည့်အစုံကို ဖော်ပြပေးပါလိမ့်မယ်။
• Coding ဘယ်လိုများရေးရမလဲ Code တွေတကြောင်းချင်းဆီရဲ့ ဆော့ဝဲအစိတ်အပိုင်းတခုကို ဘယ်လိုဒီဇိုင်းဆွဲရမလဲ
• သင့်အလုပ်သင်ပိုကောင်းအောင်လုပ်နိုင်ဖို့ လက်တွေ့ကျတဲ့နည်းလမ်းတွေ
• သင့်ကို အရမ်းထိရောက်မှုရှိစေမယ့် အခြေကောင်းကောင်းကျစေမယ့် စိတ်နှလုံးသွင်းမှုတွေ လုပ်ပုံလုပ်နည်းတွေ
• လုပ်ထုံးလုပ်နည်းကျတဲ့ အစီအစဉ်တကျရှိတဲ့ သိစရာမှတ်စရာတွေက သင့်ကို ဆော့ဝဲလုပ်ငန်းခွင်မှာ အောင်မြင်ရန် ကူညီပေးပါလိမ့်မယ်
ပရိုဂရမ် language တခုကိုပဲသီးသန့် လုပ်ငန်းတခုကိုပဲသီးသန့် ဘက်လိုက်ရေးထားတာမျိုး ဒီစာအုပ်ထဲ မပါပါဘူး
“ဒီစာအုပ်ဘယ်သူတွေ ဖတ်သင့်လဲ”
သင် ပါပဲ။
သင်က ကျွမ်းကျင်ပညာရှင်ပဲဖြစ်စေ သာမာန်ကျွမ်းကျင်သူပဲဖြစ်စေ အပျော်တမ်းရေးသားသူပဲဖြစ်စေ ဒီစာအုပ်က သင့်ကို အထောက်အကူပေးပါလိမ့်မယ်။
ဘယ်အဆင့်က ပရိုဂရမ်မာကိုပဲဖြစ်စေ ဒီဟာအုပ်က အကူအညီပေးဖို့ ရည်ရွယ်ပါတယ်။ တကယ်ပြောတာပါ ဘယ်လောက်ပဲအတွေ့အကြုံရှိတဲ့ ပရိုဂရမ်မာဖြစ်ပါစေ အမြဲတမ်းသင်ယူစရာ တခုခုတော့ ရှိနေတတ်တယ် တိုးတက်စရာနေရာတွေ ရှိနေတာပါပဲ။
သင်ခန်းစာတိုင်းက သင့်ကျွမ်းကျင်မှုတွေကို ပြန်လည်ဆန်းစစ်ခွင့်ပေးလိမ့်မယ် သင်တိုးတက်ဖို့ လက်တွေ့ကျတဲ့နည်းတွေပေးပါလိမ့်မယ်။

ဒီစာအုပ်ဖတ်ဖို့သင့်မှာကြိုရှိရမယ့်လိုအပ်ချက်ဆိုလို့ သင်ကိုယ်တိုင်က ပိုကောင်းတဲ့ ပရိုဂရမ်မာဖြစ်ချင်စိတ်ရှိဖို့ပါပဲ။

“ဘယ်လိုဖတ်ရမလဲ”

သင်ခန်းစာတခုပြီးတခုဖတ်လည်းရတယ် သင့်ကြိုက်မယ်ထင်တဲ့ အခန်းကို ကျော်ဖတ်လည်းရပါတယ် သင်ကြိုက်သလိုဖတ်ပါလေ။
အဓိက သင်ခန်းစာ ငါးခုခွဲထားပေးတယ်။
• You.write(code); သင် ပရိုဂရမ်ကုဒ်ရေးပါသည်
ပရိုဂရမ်မာတိုင်း သက်တောင့်သက်သာဖတ်လို့ရမယ့် coding ရေးခြင်းကစပါမယ်။ ဒီသင်ခန်းစာမှာ အရေးပါတဲ့ coding ရေးနည်းလမ်းတွေ အကောင်းဆုံး code ဘယ်လိုရေးရမလဲဆိုတာတွေ ပါမယ်။ code ဘယ်လိုရေးရမလဲ ဘယ်လိုဖတ်ရမလဲ ဘယ်လို ဒီဇိုင်းဆင်ရမလဲ အကြမ်းခံတဲ့ code (robust code) ရေးနည်းတွေ ပါပါမယ်။
• လေ့ကျင့်ပါမှ ကျွမ်းကျင်
ဒီသင်ခန်းစာမှာတော့ ပိုကောင်းတဲ့ပရိုဂရမ်မာဖြစ်စေဖို့ ဘယ်လိုအလေ့အကျင့်တွေကျင့်သုံးရမလဲဆိုတောတွေဖော်ပြပေးမယ်။ ဘယ်လို သဘောထားမျိုး ထားရမလဲ coding ရေးတဲ့အလုပ်ကို ဘယ်လိုချဉ်းကပ်သင့်လဲ ပိုကောင်းတဲ့ coding တွေရေးဖို့ တကယ်ကောင်းတဲ့နည်းလမ်းတွေ ပါပါမယ်။
• ကိုယ်ရည်ကိုယ်သွေး
ဒီသင်ခန်းစာကတော့ သင့်ကိုယ်သင်ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာ အတွင်းကျကျ ဖော်ပြပေးမယ်။ ထိရောက်အောင် ဘယ်လိုလေ့လာမလဲ ကျင့်ဝတ်နဲ့အညီ ဘယ်လိုပြုမူဖို့ စဉ်းစားသင့်လဲ ဘယ်လိုစိန်ခေါ်မှုတွေသင်ရှာဖွေသင့်သလဲ တိုးတက်မှုမရှိတာကို ဘယ်လိုရှောင်ရှားရမလဲတွေအပြင် ကိုယ်ခန္ဒာကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေရမလဲဆိုတာတွေ ပါပါမယ်
• လူမှုရေးရာ
ဆော့ဝဲရေးသားခြင်းလုပ်ငန်းဟာ လူမှုရေးပါဝင်တဲ့အလုပ်တခုပါပဲ ဒီသင်ခန်းစာမှာတော့ ဆော့ဝဲအလုပ်ထဲက တခြားလုပ်ကိုင်သူတွေနဲ့အတူတကွဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။

သင်ခန်းစာတခုပြီးတိုင်း မေးခွန်းလေးတွေထည့်ပေးထားပါတယ် သင်ဖတ်ပြီးတာတွေကို အပ်ကြောင်းထပ်အောင် ထပ်ရေးတာမဟုတ်ပါဘူး သင်ပိုပြီးတွေးတောမိအောင် သင့်ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ဆက်စပ်တွေးတောမိစေမယ့် မေးခွန်းလေးတွေပါ။ ဒီမေးခွန်းလေးတွေကို သေချာစဉ်းစားပြီး ဖြေကြည့်ကြည့်ပါ သင်ဟာ ပိုကောင်းတဲ့ ပရိုဂရမ်မာတစ်ယောက်ဖြစ်လာမှာပါ။

“ခေါင်းဆောင်များအတွက်”

တကယ်လို့ သင်က ပရိုဂရမ်မာတွေရဲ့ ခေါင်းဆောင်တယောက် ဦးဆောင်သူတယောက်ဆိုရင်လည်း သင့်လက်အောက်ကလူတွေကို သုံးသပ်ဖို့ ဒီစာအုပ်က သင့်ကို အကျိုးပြုစေမှာပါ။ တယောက်ချင်းဒါမှမဟုတ် တဖွဲ့လုံးအတွက် သင်သုံးနိုင်ပါတယ်။
သင့်လက်အောက်ကလူတွေကို မတူတဲ့သင်ခန်းစာတခုဆီဖတ်ခိုင်းပါ ပြီးတော့ အားလုံးကို ဆွေးနွေးခိုင်းရင်လည်း အဆင်ပြေမှာပါ။

“ဘာသာပြန်သူ၏ အမှာ 🙂 “

စလုံးကပြန်ပြီး ကျွန်တော်လုပ်ဖို့ စဉ်းစားထားတာတွေထဲက တခုကို စမိတာပါ။ ပရိုဂရမ်မာတွေ Software Industry ထဲကလူတွေ ဖတ်ဖို့ ဘာသာပြန်စာတွေ အကျိုးရှိမယ့်စာတွေ ရေးသားဖို့ပါပဲ။ စဖြစ်သွားတဲ့အတွက် ဝမ်းသာပါတယ်။ တပတ်ကို စာတပုဒ်တင်ဖို့ ကြိုးစားသွားပါ့မယ်။ စောင့်ဖတ်ပေးကြနော်။

လေးစားစွာဖြင့်
စောအေးချမ်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s