ပိုကောင်းတဲ့ ပရိုဂရမ်မာ – ၅

အပိုင်း ၁ သင်ခန်းစာ ၄  ဖယ်ရှားခြင်းဖြင့် ကုဒ်တွေကို တိုးတက်အောင် လုပ်ပါ

“အပိုအလိုမရှိ အဆုံးသတ်တိကျတဲ့ ရိုးရှင်းမှုကို အလှတရားအဖြစ် ကျုပ်တို့မှတ်ယူပါတယ်” –Ralph Waldo Emerson

အနည်းဆုံးသုံးစွဲခြင်းဖြင့် အရာရာပြည့်စုံလုံလောက်ပါစေ။ ဒီစကားပုံကလည်း အသုံးများလို့ဟုံနေလောက်ပြီ။ ဒါပေမဲ့ ဒါတကယ်မှန်ပါတယ်။

 

ကျုပ်အမှတ်ရမိတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုးတက်မှုတချို့ကတော့ ကုဒ်အတော်များများကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။

ပြောပါရစေ။ သိပ်ကောင်းတဲ့ ခံစားချက်ပါဗျ။

မှတ်ရန် ။ ။ ကုဒ်အသစ်တွေထပ်ထည့်ခြင်းဖြင့် system (စနစ်) တခုကို ပိုကောင်းအောင်လုပ်နိုင်ပါတယ် ။ ကုဒ်တွေကို ဖယ်ရှားခြင်းဖြင့်လည်း ပိုကောင်းအောင်လုပ်နိုင်တာပါပဲ။

 

ကုဒ်အလိုလိုက်မှု

ဘာကြောင့်များ မလိုတဲ့ကုဒ်တွေ ရေးမိကြပါလိမ့်

ကုဒ်အပိုတွေရေးဖို့ ပရိုဂရမ်မာတယောက်ကို ဘယ်အချက်တွေက စေ့ဆော်တာလဲ

စစ်ဆေး(review)မှု လုပ်တာတွေကို ဘယ်လို ကျော်ဝင်လာတာလဲ

 

အသေအချာပြောနိုင်တာကတော့ ပရိုဂရမ်မာတယောက်က စိတ်အလိုလိုက်ပြီး သူ့ရင်တွင်းဖြစ်တွေ ထည့်ရေးလို့ပါ။

ဥပမာအားဖြင့်

  • ပရိုဂရမ်မာက ရေးချင်လို့ ရေးလိုက်တော့ ကုဒ်အပိုကုဒ်အပျော်တွေပါ (သင့်ကို ပျော်မြူးစေယုံသက်သက်နဲ့ ကုဒ်မရေးပါနဲ့ တန်ဖိုးထပ်ထည့်ဖို့သာ ကုဒ်ရေးပါ)
  • ဒီ အင်္ဂါရပ်(feature) ကို နောက်နောင်လိုကောင်းလိုမှာပဲလို့ တယောက်ယောက်က ထင်တာနဲ့ ကြိုတင်ပြီး ခုပဲဆုံးဖြတ်ချက်ချကာ ရေးချပစ်တယ် (ဒါဟာ YAGNI လို့အတိုခေါ်တဲ့ You aren’t gonna need it ဆိုတဲ့ တကယ်လိုအပ်ချက်မရှိပဲနဲ့ ပရိုဂရမ်မာက ထပ်ထည့်မရေးသင့်ပါဘူး ဆိုတဲ့ ပရိုဂရမ်းမင်း သတ်မှတ်ချက်တခုပါ ခုမလိုသေးရင် ခုမရေးပါနဲ့ )
  • ဒါပေမဲ့ ဒါက အသေးအမွှားလေးပါ ကြီးမားတဲ့အင်္ဂါရပ်မဟုတ်ဘူး

Customer ကို လိုလားမလိုလား ပြန်သွားမေးမှာထပ်စာရင် ခုရေးထားလိုက်တာက ပိုလွယ်ပါတယ်လေ ( ကုဒ်အပိုတွေ ရေးဖို့ပြင်ဖို့ဆိုတာ အချိန်များစွာ လိုအပ်ပါတယ် customer က အမှန်တော့ အတော်ကို ဖော်ရွေတတ်ပါတယ်

ကုဒ်သေးသေးလေးက တစ်မုဟုတ်ချင်းကြီးထွားလာပြီး ပြင်ဖို့လိုလာနိုင်တယ်လေ)

  • စာရွက်စာတမ်းထဲမှာ မပါတဲ့ အင်္ဂါရပ်အပိုတွေကို ပရိုဂရမ်မာကို သူ့ဘာသာသူ လိုလားချက်တွေ (requirement) တွေ ထွင်ပြီး ရေးချလိုက်တယ်

လိုအပ်ချက် အတုအယောင်တွေပေါ့ (လိုလားချက်တွေဆိုတာ ပရိုဂရမ်မာတွေက သတ်မှတ်ရတာမဟုတ်ပါဘူး customer တွေက သတ်မှတ်ရတာပါ)

 

ခုတော့ ကျုပ်တို့မှာ အလွယ်တကူနားလည်နိုင်တဲ့ ကျစ်လစ်တဲ့ ဆော့ဝဲတည်ဆောက်ရေးလုပ်ငန်းလုပ်စဉ် ရှိတယ် အင်မတန်ကောင်းတဲ့ ပရိုဂရမ်မာတွေလည်း ရှိပြီး ဒီလိုမျိုးဖြစ်စဉ်တွေကို ရှောင်ရှားဖို့ အဆင့်ဆင့်နည်းလမ်းတကျ စစ်ဆေးမှုတွေ ရှိပါတယ်။ သို့ပေမယ့်လည်း ဒီလိုမလိုအပ်တဲ့ ကုဒ်အပိုတွေ ဘာလို့ ခိုးကြောင်ခိုးဝှက် ၀င်ရောက်လာနေတာလဲ

 

ထူးဆန်းတယ်ဗျ ဟုတ်တယ်ဟုတ်

 

 

ဒါဟာဆိုးပါတယ် ရှောင်လွှဲလို့တော့ မရနိုင်ပါဘူး

အင်္ဂါရပ်အသစ်တွေကို မထည့်ပဲ ရှောင်လွှဲရနိုင်ပေမယ့် သေဆုံးနေတဲ့ကုဒ်တွေ သင့်ဆော့ဝဲတည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်း သဘာဝအလျှောက်ပေါ်ပေါက်လာနိုင်ပါတယ်

ဒီအတွက် ကသိကအောက်မဖြစ်ပါနှင့်

ရှောင်လွှဲမရနိုင်တဲ့အကြောင်းအရင်းတွေကနေ ဒီလိုအကြောင်းအရာတွေ ပေါ်ပေါက်လာတတ်ပါတယ်

  • အင်္ဂါရပ်တွေကို UI ကနေ ဖယ်ရှားလိုက်သော်လည်း နောက်ကရေးထားတဲ့ကုဒ်တွေကို မဖယ်မိတဲ့အခါမျိုးပေါ့။ ဘယ်တော့မှခေါ်မသုံးမယ့်ကုဒ်တွေကို မဖယ်ရှားမိလိုက်ဘူး များသောအားဖြင့် ဘာကြောင့်မဖယ်လဲဆိုတော့ “နောက်နောင် လိုကောင်းလိုလာနိုင်တယ် ခုမဖယ်ပဲထားတော့လည်း ဘယ်သူ့ထိခိုက်နေလို့လဲ” ဆိုတဲ့အတွေးမျိုးပါ
  • Project မှာ ခေါ်သုံးဖို့လိုကို မလိုအပ်တော့တဲ့ Data types နဲ့ classes တွေကြောင့်ပါ။ Class တခုကို နောက်ဆုံးအကြိမ်ခေါ်သုံးတာ နောက်မလိုတော့ဘူးဆိုပြီး ဖယ်ပစ်လိုက်ဖို့ မှန်းရခက်ပါတယ်။ method တခုကို ပြန်ပြင်ရေးလိုက်တာနဲ့ သူ့ထဲကြေငြာထားတဲ့ variable တွေက အပိုတွေဖြစ်သွားတာမျိုးလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်
  • ဆော့ဝဲအို ဆော့ဝဲဟောင်းရဲ့ အင်္ဂါရပ်တွေကို ဖယ်လေ့သိပ်မရှိကြပါဘူး

အသုံးပြုသူ (users) တွေက ဘယ်တော့မှ လိုလည်းမလိုဘူး သုံးလည်းမသုံးတော့တဲ့ အင်္ဂါရပ်တွေက အမြဲဖယ်လို့ကောင်းတာတော့မဟုတ်ပြန်ဘူး

သူ့ကိုဖယ်လိုက်တာနဲ့ တခြားအင်္ဂါရပ်တွေကိုပါ အထစ်အငေါ့ဖြစ်စေနိုင်တယ်လေ

မသုံးတော့မယ့် အင်္ဂါရပ်တခုအတွက် စမ်းသပ်မှု (testing)တွေ မလိုပဲ လုပ်ဆောင်မိနိုင်ပါတယ်

  • ကုဒ်တွေရဲ့သက်တမ်းတလျှောက် ပြင်ရင်းပြင်ရင်းနဲ့လည်း တချို့ functionတွေကို ဘယ်တော့မှခေါ်သုံးဖို့ မလိုတော့တာမျိုးဖြစ်ပေါ်စေနိုင်တယ်

စစ်ဆေးချက် (condition) တွေ အတွက်လိုအပ်တဲ့ variable တွေ logic တွေ ပြင်ရေးမိလို့ ဘယ်တော့မှ ခေါ်မသုံးဖြစ်တော့တဲ့ Looping တွေလည်း ရှိတတ်ပါတယ်

ကုဒ်သက်တမ်းပိုကြာလာလေလေ ဒီလိုမျိုးတွေမြင်ရဖို့ ပိုများလာလေပါပဲ

  • UI Wizard က click လုပ်လိုက်တာနဲ့ အလိုအလျောက်ဖန်တီးပေးတဲ့ကုဒ်တွေကိုလည်း မသုံးမိပဲထားမိတတ်ပါတယ်

ဥပမာ ပရိုဂရမ်မာက button ကို double click လုပ်လိုက်လို့ wizard က click event ထည်ပေးလိုက်ပေမယ့် အဲ့အတွက် လုပ်ဆောင်ချက်ကို ဘာမှရေးမထားတာမျိုးပါ

ဒီလိုကုဒ်မျိုးတွေ မရှိယောင်ဆောင်ပြီး မသိကျိုးကျွံပြုထားတာက ဒီလိုကုဒ်တွေကို ဖယ်ရှားတာထက် ပိုသက်သာလို့

  • “Debug” လုပ်ဖို့ အတွက်ရေးထားတဲ့ကုဒ်တွေက သေဆုံးသွားတတ်ပါတယ်

Trace လိုက်ဖို့ရေးထားတဲ့ကုဒ်တွေက စစ်ပြီးတာနဲ့ နောက်ဘယ်တော့မှ မလိုတော့တဲ့ ကုဒ်မျိုးတွှေရှိတတ်ပါတယ်

လှပတဲ့အဆောက်အအုံတခုကို ငြမ်းခပ်ရှုပ်ရှုပ်နဲ့ကာထားသလိုမျိုးပါ

Debug လုပ်တိုင်း ပရိုဂရမ်မာသိဖို့သက်သက်ပဲပြထားတဲ့ message တွေ User တွေအတွက်မလိုပဲ မဖျက်ပဲထားမိတတ်ပါတယ်

ဒီလိုကုဒ်တွေက မူရင်းကုဒ်တွေကို ရှုပ်ပွစေပြီး နောက်ပိုင်း ပြင်ဆင်ရခက်လာနိုင်ပါတယ်

 

ဒီတော့ဘယ်လိုလုပ်မလဲ

 

ဒါတွေဟာ တကယ်အရေးပါလား

Project ကောင်းကောင်းအလုပ်လုပ်နေသေးသ၍

ကုဒ်တွေမလိုပဲသေဆုံးသွားတာမျိုးကို ရှောင်လွှဲမရနိုင်ပေမယ့် စိတ်ပူစရာစရာမလိုပဲ လက်ခံလို့ရပါတယ်

သို့သော် မလိုအပ်တဲ့ကုဒ်အပိုတွေရဲ့ ဆိုးကျိုးတွေကဘာတွေပါလိမ့်

  • ပုံမှန်ကုဒ်တွေလိုပဲ ကုဒ်အပိုတွေကလည်း အနှေးနဲ့အမြန် ပြင်ဖို့လိုအပ်တယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ

အချိန်ကော ငွေကော ကုန်နိုင်ပါတယ်

  • ကုဒ်အပိုတွေက project ကို သင်ယူရ နားလည်ရ ပိုခက်စေပြီး ပုံမှန်ကုဒ်တွေကို ဖတ်ရှုဖို့ခက်ခဲစေနိုင်ပါတယ်
  • သုံးမယ်မသုံးမယ်မသေချာတဲ့ Method တွေ သန်းချီပြီးရေးထားတဲ့ classes တွေက ဂရုတစိုက်ရေးသားစေမယ့် ပရိုဂရမ်းမင်းဖြစ်ဖို့ တားဆီးပြီး ဖြစ်ကတက်ဆန်းရေးထားတဲ့ ပရိုဂရမ်းမင်းဘက်ကို တွန်းပို့ပေးမှာပါ
  • ငွေအများဆုံးသုံးပြီး ၀ယ်လို့ရနိုင်မယ့် အမြန်ဆုံးကွန်ပျူတာသုံးပြီး အကောင်းတကာ့အကောင်းဆုံး compiler အမျိုးအစားသင်သုံးနိုင်ရင်တောင်မှပဲ

သင့် project ကို build လုပ်ဖို့ နှေးကွေးစေမှာပါ ဒီလိုဆိုတော့ သင်အလုပ်ပြီးဖို့လည်း ပိုခက်ပြီပေါ့

  • Zombie လိုကုဒ်တွေကြောင့် သင့် program ကို ရှင်းရှင်းလင်းလင်းပြင်ဖို့ ခက်လာမှာပါ

 

ကုဒ်သေတွေက သင့်ကိုသတ်မှာမဟုတ်ပါဘူး ဒါပေမဲ့ သင့်ဘ၀ကိုခက်ခဲအောင် စွမ်းဆောင်နိုင်ပါတယ်

 

မှတ်ရန်။ ။ သေဆုံးနေတဲ့ကုဒ်တွေကို ဖြစ်နိုင်သမျှ ဖယ်ပစ်ပါ သင်သွားရာလမ်းကို ပိတ်ပြီး သင့်ခရီးကို နှေးကွေးစေနိုင်ပါတယ်

 

ကုဒ်သေတွေကို နိုးထခြင်း

သေဆုံးနေတဲ့ကုဒ်တွေကို သင်ဘယ်လိုရှာဖွေနိုင်မလဲ

အကောင်းဆုံးနည်းလမ်းကတော့ သင့်ကုဒ်တွေနဲ့ အလုပ်လုပ်နေတုန်း ဂရုတစိုက်ကြည့်ရှုဖို့ပါပဲ

သင့်လုပ်ရပ်တွေအတွက် သင်တာဝန်ခံပါ သင်ရေးသားပြီးတိုင်း မလိုတာတွေ ရှင်းလင်းရေးလုပ်ပါ

ကုဒ်စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ကုဒ်သေတွေကို သတိထားမိနိုင်ပါတယ်

 

သင်က မသုံးတဲ့ကုဒ်တွေကို မြေလှန်ဖယ်ရှားပစ်ချင်လည်း ကုဒ်စစ်တဲ့ tools ကောင်းတွေ ရှိပါတယ်

IDE ကောင်းကောင်းသုံးခြင်းဖြင့် အထူးသဖြင့် Typed languages တွေအတွက်ထုတ်ထားတဲ့ IDE တွေ (ဥပမာ C# language အတွက် Visual studio IDE သုံးခြင်းဖြင့်) မသုံးတဲ့ကုဒ်တွေကို IDE က ပြသပေးနိုင်ပါတယ်

IDE အတော်များများမှာ “Find references” ဆိုတဲ့လုပ်ဆောင်ချက်ပါတတ်ပြီး ၄င်းကို အသုံးချပြီး function တခုကို ခေါ်သုံးထားခြင်းရှိမရှိရှာဖွေလို့ရပါတယ်

 

သင့် ဆော့ဝဲထုတ်ကုန်ရဲ့ ဘယ်အင်္ဂါရပ်တွေကို customer တွေ သုံးလဲမသုံးလဲဆိုတာမှတ်သားတွက်ချက်ပြီး မသုံးတဲ့ အင်္ဂါရပ်တွေကို ရှာဖွေနိုင်ပါတယ် ဒီလိုရှာဖွေခြင်းဖြင့် မသုံးတဲ့အင်္ဂါရပ်တွေရဲ့ကုဒ်တွေ ဖယ်ဖို့ဆုံးဖြတ်ချက်မျိုးချဖို့ အကူအညီပေးနိုင်ပါတယ်

 

ခွဲစိတ်ဖြတ်တောက်ခြင်း

သေဆုံးနေတဲ့ကုဒ်တွေ ဖယ်ရှားခြင်းက ဘာအန္တရယ်မှမပေးပါဘူး

ဖြတ်တောက်ပစ်ပါ ဖျက်ပစ်ပါ

ဒီလိုလုပ်တာ အပြီးအပိုင် လွှင့်ပစ်လိုက်တာမဟုတ်ပါဘူး

သင်ဖယ်ထုတ်လိုက်တဲ့ ပရိုဂရမ်အင်္ဂါရပ်ကို ပြန်လိုချင်ရင် သင့် version control system ကနေ အလွယ်တကူ ပြန်ယူလို့ရပါတယ် (version control system ဆိုတာ code တြွေုပင်ဆင်ခြင်းကို မှတ်တမ်းထားရှိပြီး ယခင်မပြင်ခင်ကုဒ်ကိုပါ သိမ်းထားပေးပါတယ် e.g. Team foundation server , GitHub)

 

မှတ်ရန်။ ။ နောင်လိုကောင်းလိုနိုင်တယ်ဆိုတဲ့ ပရိုဂရမ်အင်္ဂါရပ်မျိုးကို စိတ်ချလက်ချ သင်ဖယ်ရှားနိုင်ပါတယ် လိုအပ်ရင် version control ကနေ ပြန်ယူလို့ရနိုင်တာပဲ

 

သင့်ကုမ္ပဏီကို ခုမှဝင်တဲ့ ပရိုဂရမ်မာအသစ်က ဖယ်ရှားထားတဲ့ကုဒ်တွေversion control ထဲမှာရှိတယ်ဆိုတာမသိပဲ သူတို့အသစ်ထပ်ရေးမယ့်ကုဒ်နဲ့ ဖယ်ထားတဲ့ကုဒ်က ဆင်တူရှိရဲ့နဲ့ သူတို့ဘာသာအသစ်မရေးတာမျိုးကို မတားနိုင်ဘူး လို့ သင်စောဒကတက်ရင် တက်နိုင်ပါတယ် ဒါပူပန်သင့်တာပါ

တခြားတနေရာမှာ ရှိပြီးသားကုဒ်အစိတ်အပိုင်းကို သတိမထားမိပဲ သူတို့ဘာသာရေးတာကို သင်က ဘာလို့တားနေမှာလဲ

 

အရင် သင်ခန်းစာတွေမှာ ရေးထားတဲ့အတိုင်းပဲ ကုဒ်သေတွေဖယ်ရှားခြင်းကို တခြား လုပ်ငန်းလုပ်ဆောင်ချက်အသစ်(functionality) တွေ ထပ်ထည့်ခြင်းနဲ့အတူတူ တကြိမ်တည်း မလုပ်ပါနဲ့ ကုဒ်သေတွေဖယ်ရှားခြင်းကို တကြိမ်တည်းဖြင့် သီးခြားလုပ်ဆောင်ပါ ဒီလိုလုပ်ခြင်းဖြင့် version control မှတ်တမ်းကို ပိုမိုရှင်းလင်းစေပြီး ကုဒ်ဖယ်ရှားခြင်းကလည်း သာသာယာယာရှိစေမှာပါ

 

မှတ်ရန်။ ။ မလိုတဲ့ကုဒ်တွေကို သီးသန့်ဖယ်ရှားပြီး version control ထဲသို့ သီးသန့်ထည့်ပါ တခြားလုပ်ငန်းလုပ်ဆောင်ချက်အသစ်တွေနဲ့ မရောပါနှင့်

 

နိဂုံး

သေဆုံးနေတဲ့ကုဒ်တွေက အကောင်းဆုံးဆိုတဲ့ ကုဒ်တွေမှာပါတွေ့နိုင်ပါတယ်

Project ကြီးလေ ကုဒ်သေတွေ ပိုတွေ့ရလေပါပဲ

ဒါက ကျရှုံးခြင်းသင်္ကေတမဟုတ်ပါဘူး

ဒါပေမဲ့ ကုဒ်သေတွေအတွက် သင်တခုခုမလုပ်ဆောင်ခြင်းက ကျရှုံးခြင်းသင်္ကေတပါ

မသုံးတော့မယ့်ကုဒ်တွေကို သင်တွေ့ရှိတာနဲ့ ဖယ်ရှားပစ်ပါ

 

ကုဒ်ရေးတဲ့အခါ လိုအပ်ချက်ထဲမပါတာကို လိုသယောင်မရေးပါနှင့်

သင့်အတွက်စိတ်ဝင်စားစရာကောင်းတယ်ဆိုယုံနဲ့ အသေးလေးပါထည့်ရေးလိုက်မယ်ဆိုပြီး မလုပ်ပါနှင့်

နောင်တကယ်လိုရင် လိုမှရေးလို့ရပါတယ်

အကြံဥာဏ်သိပ်ကောင်းနေရင်တောင် ထည့်မရေးလိုက်နှင့်

 

မေးခွန်းများ

၁။ ကုဒ်သေတွေကို သင့်ပရိုဂရမ်ထဲမှာ ဘယ်လိုရှာဖွေနိုင်မလဲ

၂။ ခုမလိုသေးပဲ နောင်လိုလာနိုင်တယ်ဆိုတဲ့ ကုဒ်တွေကို သင် comment ပိတ်ပြီး ဖယ်တာလား တခါတည်းဖျက်ပြီးဖယ်တာလား ဘာကြောင့်လဲ (comment ပိတ်ထားရင် မြင်ပါမြင်ရတယ် တခါတည်းဖျက်လည်း version control က ပြန်ယူလို့ရတာပဲ)

၃။ မသုံးတော့တဲ့ အင်္ဂါရပ်တွေကို ဖယ်ရှားတာဟာ မှန်ကန်တဲ့လုပ်ရပ်လား ဖယ်ရှားခြင်းဖြင့် ဆိုးကျိုးရှိနိုင်လား ဖယ်ဖို့အသင့်တော်ဆုံးအချိန်ကို ဘယ်လိုဆုံးဖြတ်လဲ

၎။ သင့်ကုဒ်တွေရဲ့ ဘယ်နှရာခိုင်နှုန်းလောက်က မလိုအပ်တဲ့ကုဒ်ပိုတွေပါဝင်တယ်လို့ သင်ထင်မြင်ပါသလဲ သင့်အဖွဲ့ကလူတွေက သူတို့ကြိုက်လို့ဖြစ်ဖြစ် အသုံးဝင်မယ်လို့ သူတို့ထင်ယုံနဲ့ ကုဒ်တွေ ထည့်ရေးတဲ့အလေ့အထမျိုးရှိပါသလား

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s